အိမ်စာတင်ရမည့် ပုံစံ

အိမ်စာတင်ရမည့် ပုံစံ(အရေးကြီးလို့ သေချာဖတ်ရန်)
အခု ကျောင်းကနေ စာအတူလေ့လာရမည့် Group Chat လေးတွေ ဖွဲ့ပေးနေပါတယ်။ ပြီးတဲ့အခါ ၈ရက်နေ့ကြရင် တင်ရမည့်အိမ်စာကနေစပီး သတ်မှတ်ထားတဲ့အချိန်မှာ အဖွဲ့လိုက် အပြိုင်တင်ရပါမယ်။ အရင်ဆုံး အဖွဲ့ဝင်တွေ အကုန်တင်ပြီးတဲ့အဖွဲ့က ပထမပါ။ အဆင့်အလိုက်အမှတ်ပေးပါ့မယ်။
ပထမက ၅မှတ်
ဒုတိယက ၄မှတ်
တတိယက ၃မှတ်
စတုတ္ထက ၂မှတ်
ပဉ္စမက ၁မှတ် ပါ။
အမှတ်မရတဲ့ အဖွဲ့တွေက အဲဒီနေ့အထိသင်ပြီးသမျှကို တစ်ခေါက်ပြန်ရေးရပါမယ်။
Hiragana 46 လုံးအထိ အိမ်စာတင်ပြီးတဲ့အခါမှာ ပထမအကြိမ် အမှတ်ပေါင်းပါမယ်။ အမှတ်အများဆုံးရတဲ့အဖွဲ့ကို Hiragana Card Data လှလှလေးတွေ ဆုချပေးပါ့မယ်။
ပြီးရင် ဒုတိယပိုင်း Katakana အတွက် ပြန်စပေးပါ့မယ်။
အိမ်စာတင်တဲ့အခါမှာလည်း အိမ်စာတင်ရန်ဆိုတဲ့ Post မှာ ပထမဆုံး အဖွဲ့အမည်ကို Comment ရေးပါ။ ပြီးရင် အဲဒီအဖွဲ့ကသူတွေက ကိုယ့်အဖွဲ့အမည်အောက်မှာ အိမ်စာကို Reply လုပ်ပြီးတင်ရပါမယ်။ သပ်သပ်တင်ထားရင် အကျုံးမဝင်ပါဘူး။
အရေးကြီးလို့ နားမလည်တာရှိရင်မေးကြပါ။ သဘောပေါက်ပြီဆိုရင် အဖွဲ့အလိုက် အဖွဲ့အမည်ကို Comment ရေးပေးထားပါ။

Comments

Popular posts from this blog

ဂျပန်အက္ခရာ (၄၆)လုံး အပိုင်း(၃)