အလုပ်(Training visa ) မှာ မေးလေ့မေးထရှိသော မေးခွန်များ..
အလုပ်(Training visa ) မှာ မေးလေ့မေးထရှိသော မေးခွန်များ..
1.じこしょうかい を おねがいします.
မိမိကိုယ်ကို မိတ်ဆက်ပေးပါ။
2. おなまえ は なんですか?/おなまえは?
နာမည်က ဘာပါလဲ
3. いま なんさいですか?/おいくつですか?
အခု အသက်ဘယ်လောက်ရှိပါပြီလဲ
4. かぞく は なんにん いますか!
မိသားစု၀င်ဘယ်နှစ်ယောက်လဲ
5. りょうしん/おや は なに を していますか?
မိဘနှစ်ပါး က ဘာလုပ်နေပါသလဲ
6. おとうさん の おしごと は なんですか?
အဖေရဲ့အလုပ်အကိုင်က ဘာပါလဲ
7. おとうさん は どこで はたらいていますか?
အဖေက ဘယ်မှာ အလုပ်လုပ်နေပါသလဲ
8. けっこんされて いますか?
လက်ထပ်ထားပါသလား
9. どくしんですか?
လူပျို အပျို ဖြစ်ပါသလား
10.しゅっしんち/ ふるさと/ ごしゅっしん は どちら/どこ ですか?
မွေးရပ်ဇာတိက ဘယ်မှာပါလဲ
11.。。。は どんな ところ ですか?
…….. က ဘယ်လို နေရာမျိုးပါလဲ
12.ヤンゴン から とおいですか?
ရန်ကုန်ကနေ ဝေးပါသလား
13.どうして にほん へ いきたいですか?
ဘာကြောင့် ဂျပန် ကို သွားချင်တာပါလဲ
14.おもいもの は はこべますか?
လေးလံတဲ့ ပစ္စည်းတွေ သယ်နိုင်ရဲ့လား
15.おやは にほんへ いくのを きょかしていますか?
မိဘက ဂျပန်ကို သွားတာကို ခွင့်ပြုရဲ့လား
16.ざんぎょう は できますか?
အချိန်ပိုလုပ်နိုင်ရဲ့လား
17.にほんへ いけたら、にほんの どこへ りょこうしたいですか?
ဂျပန်ကို သွားနိုင်မယ်ဆို၊ ဂျပန်ရဲ့ဘယ်နေရာကို ခရီးထွက်ချင်ပါသလဲ
18 ミャンマー で しごと を した ことがありますか?
မြန်မာမှာ အလုပ်လုပ်ဖူးပါသလား?
19. どんな しごとを したことがありますか?
ဘယ်လိုမျိုး အလုပ်တွေကို လုပ်ဖူးပါသလဲ
20.にほん で なにを べんきょうしたいですか?
ဂျပန်မှာ ဘာကိုလေ့လာချင်ပါသလဲ
21.ながく はたらけますか?
အချိန်ကြာ အလုပ်လုပ်နိုင်ပါသလား.
22.にほんごを どれくらい/どのくらい べんきょうしましたか?
ဂျပန်စာကို ဘယ်လောက်ထိ လေ့လာခဲ့ပါသလဲ
23.じぶんで りょうり が できますか?
ကိုယ်တိုင် ဟင်းချက်နိုင်ပါသလား
24.にほんは ミャンマーより さむいので、だいじょうぶですか?
ဂျပန်က မြန်မာထက်ပိုပြီး အေးတဲ့အတွက် ၊ရရဲ့လား
25.ほかの がいこく へ いったこと が ありますか?
တခြားနိုင်ငံခြားတွေကို သွားဖူးပါသလား
26.にほんりょうり を たべたこと が ありますか?
ဂျပန်ဟင်းလျာ ကို စားဖူးပါသလား
27.こいびとが いますか?
ချစ်သူရည်စား ရှိပါသလား..
*သတိထားရမှာက ていねい formလို့ ခေါ်တဲ့ ますか တွေနဲ့ မမေးပဲ ふつうけい နဲ့ form တွေနဲ့ မေးရင်လည်း အဓိပ္ပါယ်က အတူတူပါပဲ...
Comments
Post a Comment